လွိုင်ကော် မတ် ၂၀

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် လွိုင်ကော်မြို့ရှိ လွှတ်တော်အဆောက်အအုံ လွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးပိုးရယ်အောင်သိန်းအား သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ကြသည်။

 

ထို့နောက် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် လွိုင်ကော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ကိုယ်စားလှယ် ဦးမော်ရယ်အား တင်မြှောက်ကြောင်း သဘာပတိ က ကြေညာသည်။

 

ယင်းနောက် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဘော်လခဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ကိုယ်စားလှယ် ဦးစိုးရယ်အား တင်မြှောက် ကြောင်း သဘာပတိက ကြေညာသည်။

 

ဆက်လက်၍ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက် ခြင်းခံရသည့် ဦးမော်ရယ်နှင့် ဦးစိုးရယ်တို့က သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် သဘာပတိက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို တာဝန်လွှဲအပ်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။          

ပြည်နယ်(ပြန်/ဆက်)