နေပြည်တော် မတ် ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မော်လမြိုင်တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်များ နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မော်လမြိုင် ပညာရေးဒီဂရီ ကောလိပ်ကို ဆရာအတတ်ပညာ တက္ကသိုလ်အဖြစ်သို့ အဆင့် တိုးမြှင့် ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရေး၊ ဆရာ တိုးချဲ့ခန့်ထားရေး၊ ဆရာ အရည်အသွေး မြှင့်တင်ရေး၊ တက္ကသိုလ် အင်္ဂါရပ်များ ပြည့်စုံ ရေးအတွက် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝိဇ္ဇာ/သိပ္ပံ (ပညာ ရေး) ဘွဲ့စာမေးပွဲများကို ထူးချွန် စွာ အောင်မြင်သူများသည် မဟာ ဝိဇ္ဇာ/မဟာသိပ္ပံ(ပညာရေး) ဘွဲ့သင်တန်းများသို့ ဆက်လက် တက်ရောက်ကာ အထက်တန်းပြ ဆရာ ဆရာမများ ဖြစ်လာနိုင်သည့် လမ်းကြောင်းကို ကျောင်းသား ကျောင်းသူများအား အသိပေးပြီး ကြိုးစားသင်ယူ လေ့လာထားကြ ရန် တိုက်တွန်းအားပေးကြစေလို ပါကြောင်း၊ ယနေ့ခေတ်ကာလ တွင် ငယ်ရွယ်သူ ဆရာ ဆရာမများမှာ လူမှုကွန်ရက်တွင် ကျောင်းဝတ်စုံများဖြင့် ထုတ်လွှင့်မှုမျိုးစုံ ပြုလုပ်လာကြသည်ကို တွေ့မြင်နေကြ ရပါကြောင်း။
ပညာရေး တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များသည် အခြေခံပညာ ဆရာ ဆရာမလောင်း များကို စနစ်တကျ လေ့ကျင့် ပျိုးထောင်ပေးရာ ဌာနကြီးများဖြစ်သည့်အားလျော်စွာ မိမိတပည့်များကို ဆရာ ဆရာမ ကျင့်ဝတ်၊ ဂုဏ်သိက္ခာ နှင့်အညီ ပြုမူ၊ ပြောဆို၊ နေထိုင်၊ လုပ်ကိုင်တတ်စေရေးအတွက် ပညာရေး သဘောတရား ဘာသာရပ်တွင် သာမက ကျန်ဘာသာရပ်များကို သင်ကြားချိန်တွင်လည်း အလျဉ်းသင့်သလို ထည့်သွင်းပြောဆို သွန်သင် ဆုံးမပေးကြစေလိုပါ ကြောင်း၊ ကျောင်းရှေ့စုဝေးကွင်းတွင် နေ့စဉ်နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်း အလေ့အကျင့် ကောင်းများကို မပျက်မကွက် လေ့ကျင့်ပေးကြစေလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲက ပညာရေးဒီဂရီကောလိပ်တို င်းတွင် အားကစားကွင်းရှိစေရေး စီမံဖြည့်ဆည်းပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများ အားကစားနှင့် ကာယ၊ ပြေးခုန်ပစ်ကစားနည်း မျိုးစုံကစားနိုင်စေရေး ကျောင်းအုပ်ကြီးများက စီမံခန့်ခွဲပေးကြစေလိုကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် ပညာရေးဒီဂရီ ကောလိပ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


