တောင်ကြီး မတ် ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်း လယ်ယာနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းနှင့် ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှိ ပင်မြင့်စံငွေစုငွေချေး သမဝါယမအသင်းက ဆောင်းနေကြာရုရှားမျိုး စိုက်ပျိုးထားသည့် အခြေအနေများကို ယနေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက (သက်တန့်ရောင်စီမံကိန်း) ရုရှားနေကြာမျိုး စိုက်ပျိုးထားရှိသည့် အသင်းသားများအား အပင်၏အသက်ရက်အလိုက် ကျွေးရမည့်အစာအာဟာရများ အချိုးကျ အချိန်ကိုက်ကျွေးရန်၊ ပိုးမွှားရောဂါ မကျရောက်စေရေး လိုအပ်သည်များ ကြိုတင်ဆောင်ရွက်ရန်၊ ရာသီကုန်ချိန်တွင် သတ်မှတ်အထွက်နှုန်းရရှိရေး ဦးတည်ကြိုးပမ်းဆောင်ရွက်သွား ကြရန်နှင့် အပွင့်ပွင့်ချိန် အပွင့်အားဆေး၊ ငှက်၊ ကြွက်ရန်ကာကွယ်ရေး၊ ရေလုံလောက်စွာရရှိရေး၊ ပျားပုံးထားရှိရေး၊ အသင်းမှ လိုအပ်လျက်ရှိသော ငွေကြေး၊ အရင်းအနှီး၊ နည်းပညာများ ရရှိစေရေးအတွက် သက်ဆိုင်ရာ စိုက်ပျိုးရေးနည်းပညာရှင်များ၊ မြို့နယ်သမဝါယမ အသင်းစုများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


