မင်းဘူး မတ် ၂၁

 

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေး တောင်သူနည်းပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက မင်းဘူး (စကု) မြို့နယ် ဥယျာဉ်ဇင်ကျေးရွာအုပ်စု သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူပညာပေးသင်တန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက အမှာစကားပြောကြားပြီး သင်တန်းသား တောင်သူများအား မြေနိမ့်ကော်ဖီပျိုးပင်များ ပေးအပ်သည်။

 

တက်ရောက်

 

ဆက်လက်၍ သင်တန်းနည်းပြ အရာရှိများနှင့် နတ်ရေကန် ကော်ဖီခြံတာဝန်ခံတို့က ကော်ဖီစိုက်ပျိုးနည်းပညာ ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းတွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး (စကု)၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်၊ သရက်ခရိုင် မင်းလှမြို့နယ်တို့မှ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်း သင်တန်းသားစုစုပေါင်း ၁၂၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

မောင်မောင် (မင်းဘူး)