ပဲခူး မတ် ၂၂

 

ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်း အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဝေါမြို့နယ် ပေါက်တန်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား တည် ဆောက်ခြင်းလုပ်ငန်း၊ ဝေါမြို့နယ် ဘုရားကြီး- မော်လမြိုင်- မြိတ်- ဘုတ်ပြင်း- ထားဝယ် လမ်းမကြီး လမ်းဘေးဝဲ၊ယာ လမ်းပခုံးပြုပြင်ခြင်း၊ ချုံရှင်းလင်းနေ မှုလုပ်ငန်းများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ပိုလျှံ) ရန်ပုံငွေဖြင့် ဝေါ ဘုရားပျို-ကမာကဘန်-ကတွတ်-ညောင်ကိုင်းလမ်း ကတ္တရာခင်းရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (GRF) ရန်ပုံငွေဖြင့် ပဲခူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဆောင်ရွက်သည့် သပြေရိုးကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး မူလရန်ပုံငွေဖြင့် နောင်ဂျမ်း- ရှမ်းရွာကြီးလမ်း ဂဝံကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)