ကလော မတ် ၂၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၌ မတ် ၂၁ ရက်တွင် အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့်အခွင့်အရေးဥပဒေနှင့် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုတို့ကို ကာကွယ်စောင့်ရှောက်နိုင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပသည်။ 

 

အသိပညာပေးဟောပြော

ဦးစွာ ကလောမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသက်လှိုင်က အမှာစကားပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်နန်းဥမ္မာအုန်းက သက်ငယ်မုဒိမ်းဆိုင်ရာ ဥပဒေအကြောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်စိမ်းနုအောင်က အမျိုးသမီးများအား ကာကွယ်ထားသည့် ဥပဒေများအကြောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာစောမြတ်သစ္စာက သက်ငယ်မုဒိမ်းမှုများဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေး သိကောင်းစရာများနှင့် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (အောင်ပန်း)မှ ဒုရဲအုပ် ခင်အေးငြိမ်းက တရားမဝင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ရာမှ လူကုန်ကူးမှုခံရနိုင်ခြင်း၊ လူမှုကွန်ရက်မှ မိတ်ဆွေဖွဲ့ပြီး လိမ်လည်လက်ထပ်ပြီး လူကုန်ကူးခံရနိုင်ခြင်း၊ အဓမ္မမွေးစားပြီး လူကုန်ကူးမှု ကျူးလွန်နိုင်ကြောင်း၊ လူကုန်ကူးမှုမခံရစေရေး သိသင့်သိထိုက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)