တောင်ငူ မတ် ၂၂

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် ပန်းချီနှင့် ကွန်ပျူတာပန်းချီ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို တောင်ငူခရိုင် လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပ သည်။

 

ဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး၊ တောင်ငူမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်၊ တောင်ငူမြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံးနာယက ပန်းချီဆရာ ဦးစိုးမြင့်လေး(တောင်ငူ)၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် တာဝန်ရှိသူများက အခြေခံပန်းချီနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု (၁)၊ နှစ်သိမ့်ဆု (၂) ရရှိသူများအား ဆုများ ပေးအပ်သည်။

 

တောင်ငူမြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံး နာယက ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ)နှင့် နည်းပြ ဦးရန်နိုင်ထွန်းတို့က အခြေခံပန်းချီ ရေးဆွဲနည်းများကို မတ် ၃ ရက်မှ ၂၀ ရက် အထိ အခမဲ့သင်ကြားပို့ချခဲ့ပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၀ ခန့် တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

 

ဇော်ကိုကို(တောင်ငူ)