ပေါက်ခေါင်း မတ် ၂၂
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့်ညီမျှသော Raga-666(BT)မျိုးနှင့် သွင်းအားစုများကို ပံ့ပိုးဆောင်ရွက်ပေးထားသည့် အခြေခံသမဝါယမအသင်း ခုနစ်သင်း၊ အသင်းသားတောင်သူ ၂၈၁ ဦး၏ မိုးနှောင်းဝါသီးနှံ စိုက်ဧက ၁၃၀၀ အနက် ရပ်သစ်ကျေးရွာ တိုးတက်အောင် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၁၂ ဦး၏ စိုက်ဧက ၁၀၅ ဧက၌ စိုက်ပျိုးထားရှိသော Raga-666(BT) မိုးနှောင်းဝါစိုက်ခင်းကို ငါးကြိမ်မြောက် ကောက်သိမ်းနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှပိဿာ ၁၁၁၀ နှုန်း ထွက်ရှိကြောင်း သိရသည်။
သတင်းစဉ်


