နေပြည်တော် မတ် ၂၂
(၈၁)နှစ်ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ရေးပြ စစ်ကြောင်းများမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် အဖွဲ့သုံးဖွဲ့ခွဲ၍ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
အဆိုပါ (၈၁) နှစ်ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်း အနားတွင်ပါဝင်သည့် စစ်ရေးပြ စစ်ကြောင်းများမှ ဘုရားဖူးလာ စစ်ရေးပြ စစ်ကြောင်းများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြ ပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ တိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။
လေ့လာကြည်ညို
ထို့နောက် ပိဋကတ်သုံးပုံတော် လာအဋ္ဌကထာဋီကာ ကျမ်းစာများ ကို စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု ၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း တည်ဆောက်ထားသည့် ကျောက်စာရုံ စေတီတော်အဆူ ၇၂၀ ကို လည်း စိတ်ဝင်စားစွာဖြင့် ဖူးမြော်လေ့လာ ကြည်ညိုကြသည်။
ထို့ပြင် အဆိုပါစစ်ရေးပြ စစ်ကြောင်းများသည် အမျိုးသား ပြတိုက်(နေပြည်တော်)ရှိ ပြခန်းများ၊ တပ်မတော်စစ်သမိုင်း ပြတိုက်(နေပြည်တော်)နှင့် မြန်မာနိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင် စွန့်လွှတ်စွန့်စားစွာ ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင် ကမ္ပည်းရေးထိုးထားရှိသည့် အထိမ်းအမှတ် ဗိမာန်တစ်ခုဖြစ်သည့် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက် ဂါရဝပြုအလေးပြုကြပြီး ဗိမာန်အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။
သတင်းစဉ်


