စစ်ကိုင်း မတ် ၂၃
စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အဟာရဆန်ပြုတ်များတို က်ကျွေးခြင်းနှင့် စားသုံးဆီများ စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆရာ၊ ဆရာမ များက သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးခြင်း၊ မြန်မာ့စီးပွားရေးဘဏ်မှ အဟာရဆန်ပြုတ်များတို က်ကျွေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီများ စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်းရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)


