ပေါင် မတ် ၂၂
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မတ် ၂၂ ရက်အထိ နွေစပါး ၂၃၀၉၈ ဧက စိုက်ပျိုးပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါင်မြို့နယ်၌ ဒေသခံတောင်သူများ နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်စေရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ စနစ်တကျသုံးစွဲရေးအတွက် နယ်မြေအလိုက် တာဝန်ပေးထားသည့် စိုက်ပျိုး ရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် နွေစပါးမျိုးများမှာ အောင်နိုင်တိုး၊ မှော်ဘီ-3၊ ရွှေသွယ်ရင်၊ ရေဆင်းပေါ်ဆန်း-(၁၊၂)၊ ဆင်းသုခ၊ ရတနာတိုး စပါးမျိုးများဖြစ်ကြောင်း သိရသည်။
ဒေသခံတောင်သူများ နွေစပါး အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ကတိုက်ဆည်မှ ဆည်ရေများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သထုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၆) မှ သိရသည်။
မွန်မလေး(ပြန်/ဆက်)


