ခန္တီး မတ် ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ တောင်သူချင်း စိုက်ပျိုးနည်းပညာ လေ့လာဖလှယ်ခြင်းခရီးကို ယမန်နေ့က ပေါမိုင်းရပ်ကွက် အောင်သာရပ်နှင့် စိန်နန်းအုပ်စု၊ သာယာကုန်းကျေးရွာရှိစိုက်ခင်းများတွင် ပြုလုပ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုခိုင် ဦးဆောင်၍ စိုက်ပျိုးရေးဝန်ထမ်းများက စိုက်ပျိုး‌ရေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်ဆိုလာ(590 W -၁ ချပ်) အသုံးပြု၍ မြေအောက်ရေတင်စနစ်ဖြင့် ရေအသုံးပြုမှုများ၊ နေကြာသီးနှံ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် သိပ္ပံနည်းကျဆောင်ရွက်ထားရှိသည့် နည်းလမ်းများ၊ ကျွဲ/နွား လွှတ်ကျောင်းစနစ်ပပျောက်ရေးအတွက် စိုက်ပျိုးထားရှိသော နေပီယာမြက်စိုက်ခင်းများ၊ ရွှေ့ပြောင်းတောင်ယာလျှော့ချ၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို ဦးတည်ဆောင်ရွက်လာစေရေးအတွက် ရော်ဘာတန်းကြား ကော်ဖီသီးညှပ်စိုက်ခင်းများကို တောင်သူများ စိုက်ပျိုးရေးအသိပညာဗဟုသုတရရှိစေရန်နှင့် အချင်းချင်း စိုက်ပျိုး နည်းပညာလေ့လာဖလှယ်နိုင်စေရန် ပြသခဲ့ကြသည်။ အဆိုပါခရီးစဉ်သို့ ဒေသခံတောင်သူ ၆၀ ပါဝင်လေ့လာခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)