ရန်ကုန် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် အမှတ်(၁၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသော ပုဗ္ဗဒဂုံ စာရဂုံ၏ ရသစုံလင်စာသဘင် (စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲ)ကို မတ် ၂၂ ရက်ညပိုင်းက တက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်အိမ်ရာ ရိပ်မွန်ပန်းခြံဝင်း၌ ကျင်းပသည်။
ဟောပြော
အခမ်းအနားတွင် အမျိုးသား စာပေတစ်သက်တာဆုရှင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က ဗဟုသုတဖြစ်ဖွယ် ကဗျာစာပေ အကြောင်းအရာများကို လည်းကောင်း၊ ဆရာမကြီး အလင်္ကာ ကျော်စွာ ဒေါ်နွဲ့နွဲ့(ရွှေကူနန်းနွဲ့နွဲ့) က“ဘဝနှင့်စာပေ”ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြကြောင်း သိရသည်။
MNM


