ရွာငံ မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောခြင်းကို မတ် ၂၂ ရက် နံနက်ပိုင်းက မင်းတိုင်ပင်ကျေးရွာ ရေဝေရေလဲသစ်တောစခန်း၌ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သစ်တောဦးစီးဌာနမှ တောအုပ် ဦးသန်းစိုးက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး သိကောင်းစရာများနှင့် တောမီးကြောင့် သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးမြေများ၊ ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များတွင် ပါဝင်သော လေထုညစ်ညမ်းစေသည့် အရာများ၊ မီးခိုး မြူငွေ့များကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းစဉ်များကို အသိပညာပေးဟောပြောရာ ဒေသခံပြည်သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)


