ရန်ကုန် မတ် ၂၃

 

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံ ကုန်းမြို့နယ်တွင် ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံမှတ်ပုံတင် စနစ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မတ် ၂၃ ရက် မွန်းလွဲပိုင်းက ကွမ်းခြံကုန်း မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

 

ကွမ်းခြံကုန်းမြို့နယ် အခွန် ဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်းက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် ဆိုင်ရာနှင့် ပတ်သက်သော အသိပညာများကို အခွန်ထမ်း ပြည်သူများအား ဟောပြောသည်။

 

ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

ကိုပိုင်