ရန်ကုန်     မတ်     ၂၃

ရန်ကုန်တိုင်းဒေသကြီး  ဗိုလ်တထောင်မြို့နယ်၌  ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဗိုလ်တထောင်မြို့နယ်  အခွန်ဦးစီးဌာနမှူးရုံး ခန်းမ၌ ကျင်းပသည်။

ရှင်းလင်းပြောကြား

ဦးစွာ ဗိုလ်တထောင်မြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်သီတာမိုးက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်ဆိုင်ရာနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်ပိုမိုသိရှိနိုင်ရေး  အသိပညာပေးဟောပြောပြီး   တက်ရောက်လာကြသည့်  လုပ်ငန်းရှင်များက  သိရှိလိုသည်များကို   မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။                    

ခင်ဝင်း(ပြန်/ဆက်)