မတ် ၂၄
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း ပူတူမာယိုပြည်နယ်တွင် ယမန်နေ့က စစ်ဘက်ဆိုင်ရာ လေယာဉ်တစ်စင်းပျက်ကျမှုကြောင့် သေဆုံးသူအရေအတွက် ၆၆ ဦးအထိ မြင့်တက်လာကြောင်း ကိုလံဘီယာတပ်မတော်က ပြောကြားခဲ့သည်။
နောက်ဆုံးရစာရင်းများအရ လေယာဉ်ပေါ်ပါ လူ ၁၂၈ ဦးအနက် ၅၇ ဦး ဒဏ်ရာရရှိ၊ လေးဦး ပျောက်ဆုံးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသူ တစ်ဦးရှိသည်ဟု သိရသည်။
ပျက်ကျသွားသော သယ်ယူပို့ဆောင်ရေးလေယာဉ် C-130 Hercules တွင် ခရီးသည် ၁၁၄ ဦးနှင့် လေယာဉ်အမှုထမ်း ၁၁ ဦး လိုက်ပါလာကြောင်း ထိုတပ်မတော်က ကနဦးတွင် ပြောကြားခဲ့သည်။
ကိုလံဘီယာေလကြောင်းတပ်ဖွဲ့ခေါင်းဆောင် ကားလို့စ် ဆေးလ်ဗားက လေယာဉ်ပျက်ကျရခြင်း၏ အကြောင်းရင်းကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


