မတ် ၂၄

ဗီယက်နမ်နိုင်ငံတောင်ပိုင်းဟိုချီမင်းမြို့ရှိ သက်သတ်လွတ်စားသောက်ဆိုင်တစ်ဆိုင်တွင်  ယမန်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ မိခင်တစ်ဦးနှင့် သူမ၏ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့ချိန်တွင် ထိုသားအမိနှစ်ဦးအိပ်ပျော်နေခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွားချိန်တွင် စားပွဲများ၊ ထိုင်ခုံများနှင့် မှန်ဗီရိုများစွာကို ဝင်ပေါက်ရှေ့တွင် ထားရှိကာပိတ်ထားသောကြောင့် အတွင်းပိုင်းသို့ ဝင်ရောက်ရန် အခက်အခဲရှိသည်ဟု အိမ်နီးချင်းတစ်ဦးက ပြောကြားကြောင်း ဒေသတွင်းသတင်းစာ VnExpress က  ဖော်ပြခဲ့သည်။

အာဏာပိုင်များက မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို