နေပြည်တော်     မတ်     ၂၄

(၈၁)နှစ်မြောက်    တပ်မတော်နေ့ကို   ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မွန်ပြည်နယ်  ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)က စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သွေးအလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ  သွေးအလှူရှင်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် သွေးအလှူရှင်များက သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့သွေးလှူဒါန်းနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

ယင်းနောက် မွန်ပြည်နယ်  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၏ သွေးလှူဒါန်းမှုအပေါ်  ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်