ရန်ကုန် မတ် ၂၄
အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက စက်ရုံများအရောက် Mobile Training Bus ဖြင့် ယမန်နေ့နံနက်ပိုင်းမှ စတင် ကာ စက်ရုံလေးရုံ၌ ကွင်းဆင်းလှည့်လည်ကာ အသိပညာပေးဆွေးနွေးသည်။
အသိပညာပေးဆွေးနွေး
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် အခ ကြေးငွေပေးချေရေး ဥပဒေတို့ပါ အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာပြဋ္ဌာန်းချက်များကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၅၅/၁) သံချပ်ဝန် ဦးမြူလမ်းရှိ NINGBO HAORONG Apparel (Yangon)Co.,Ltd အထည်ချုပ် စက်ရုံ၊ အမှတ်(၂၁) သံချပ်ဝန် ဦးမြူလမ်းရှိ Belink (Myanmar) Technology(Signal Cable Co.,Ltd လျှပ်စစ်ပစ္စည်းစက်ရုံ၊ အမှတ်(၁၉၊၂၀) ဦးအောင်ဇေယျလမ်းရှိ MAISHA (Myanmar ) Garment Co.,Ltd အထည်ချုပ်စက်ရုံ၊ အမှတ်(၁၄၄) ရပ်ကွက် ကျန်စစ်သားလမ်း အမှတ်(၁၁)ရှိ Myanmar Sunway Shoes Ltd ဖိနပ်စက်ရုံတို့တွင် Mobile Training Bus အသုံးပြု၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ


