ရန်ကုန် မတ် ၂၅
ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလမြို့သို့ ခရီးသည် ပို့ဆောင်ပြေးဆွဲလျက်ရှိသည့် ချယ်ရီကူးတို့သင်္ဘောများ၏ နောက်ဆုံး ပြေးဆွဲချိန်ကို မတ် ၂၈ ရက်မှစ၍ ပြောင်းလဲပြေးဆွဲမည်ဖြစ်သည်။
ယခင်က ချယ်ရီကူးတို့သင်္ဘောများ၏ နောက်ဆုံးသင်္ဘောပြေးဆွဲချိန်များသည် ဒလမှ ည ၇ နာရီခွဲနှင့် ပန်းဆိုးတန်းမှ ည ၈ နာရီဖြစ်ပြီး ပြောင်းလဲသတ်မှတ်လိုက်သည့် နောက်ဆုံးသင်္ဘော ပြေးဆွဲချိန်သည် ပန်းဆိုးတန်းမှ ည ၇ နာရီ၄၅ မိနစ်ဖြစ်ပြီး ဒလမှ ည ၇ နာရီဖြစ်သည်။
ချယ်ရီကူးတို့ သင်္ဘောများ၏ နံနက်ပိုင်း စတင်ထွက်ခွာချိန်များသည် ပြောင်းလဲမှုမရှိဘဲ ဒလမှ နံနက် ၅ နာရီခွဲနှင့် ပန်းဆိုးတန်းမှ နံနက် ၆ နာရီဖြစ်သည်။ ချယ်ရီကူးတို့ သင်္ဘောပြေးဆွဲချိန်မှာ ပန်းဆိုးတန်းနှင့် ဒလနောက်ဆုံးပြေးဆွဲချိန်ကို ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ပြီး တစ်နေ့တာ ကူးတို့သင်္ဘော ပြေးဆွဲချိန်များသည် မူလအတိုင်း ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ယဉ်ဦး(ဒလ)


