ရန်ကုန် မတ် ၂၅
သင်္ဘောသားနှင့် မိသားစုများ ခံစားချက်စစ်တမ်းကောက်ယူခြင်းဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲနှင့် CBA – SEA နှင့် စပ်လျဉ်းသည့် ဗဟုသုတဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၅၃)၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ရုံးခန်း၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
ဦးစွာ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ကပ္ပတိန်စိုးမင်းအောင်က အမှာစကားပြောကြားပြီး အခမ်းအနားမှူးက သင်္ဘောသား နှင့် မိသားစုများခံစားချက် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲနှင့် CBA – SEA နှင့် စပ်လျဉ်းသည့် ဗဟုသုတဟောပြောပွဲဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အဖွဲ့ချုပ်အနေဖြင့် မတ် ၃၁ ရက်တွင် ကျင်းပမည့် အစီအစဉ်များကို ပြောကြားပြီး အခမ်းအနား တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။
အောင်မြင့်(ပြန်/ဆက်)


