ရန်ကုန် မတ် ၂၅
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၏ (၅၉) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲ ဆုရဓာတ်ပုံ အနုပညာလက်ရာများ ပြပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ Junction City Shopping Mall ရှိ Promotion Area ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဓာတ်ပုံအသင်း နာယကကြီးများနှင့်ဥက္ကဋ္ဌ ဦးသန်းထွန်းဦး (တက်နေဝင်း) တို့က အမှာစကားပြောကြားပြီး ဆုရဓာတ်ပုံများ၊ သုံးလပတ်ပြိုင်ပွဲ၊ သင်တန်းသား ပြိုင်ပွဲများ၏ ဆုရဓာတ်ပုံများ၊ ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု၊ နှစ်သိမ့်ဆု ရရှိကြသော ပြိုင်ပွဲဝင်ဓာတ်ပုံသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။
ဝင်ရောက်ယှဉ်ပြိုင်
အဆိုပါ မြန်မာနိုင်ငံဓာတ်ပုံ အသင်း(၅၉)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတွင် Photo Essay ကဏ္ဍ၊ စိတ်ကြိုက် ဒစ်ဂျစ်တယ်ကဏ္ဍ၊ ရှုချင်စဖွယ် ဆေးရောင်စုံကဏ္ဍ၊ လူပုံကဏ္ဍ၊ သဘာဝလေ့လာချက် ကဏ္ဍ၊ mobile photography ကဏ္ဍ၊ စိတ်ကြိုက် ဒစ်ဂျစ်တယ်ကဏ္ဍ အမျိုးအစားခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
၎င်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှ ဓာတ်ပုံဆရာ၊ ဓာတ်ပုံပညာရှင်များ ဖိတ်ခေါ်ခဲ့ရာ ပြိုင်ပွဲဝင် ၄၅ ဦးတို့က စုစုပေါင်း ဓာတ်ပုံ ၆၀၀ ကျော်ရှိကြောင်း သိရသည်။
ဗလ


