ရန်ကုန် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR)အကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။
ရှင်းလင်းဖြေကြား
အဆိုပါ ရှင်းလင်းပွဲတွင် ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသော်က ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်ဆိုင်ရာနှင့်ပတ်သက်၍ လုပ်ငန်းရှင်ပြည်သူများ ပိုမိုသိရှိစေရေး အသိပညာပေးရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)


