ဝါးခယ်မ   မတ်    ၂၅

ဧရာဝတီတိုင်းဒေသကြီး  ဝါးခယ်မမြို့နယ် လမ်းသမိုင်ရွာလေးကျေးရွာ၌ မီးဘေးအန္တရာယ် ကင်းဝေးစေရန် မတ် ၂၄ ရက်တွင် နေအိမ်များသို့ လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအေးလှိုင်ကျော်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်စိန်နှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ထင်းမီး/လျှပ်စစ်မီး သုံးစွဲမှုများ၊ မီချိတ်၊ မီးကပ်ထားရှိမှုများ၊ ရေပုံး၊ သဲပုံးထားရှိဆောင်ရွက်မှုများကို တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ပြီး မီးသုံးစွဲမှုအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။                                 

မြို့နယ်(ပြန်/ဆက်)