ကျောက်ဆည် မတ် ၂၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ နွေသီးနှံမျိုးစုံ စိုက်ပျိုးရာတွင် လျာထားချက် ၅၂၇၁၅ ဧက ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနက စိုက်ပျိုးရေများ ပေးဝေလျက်ရှိပြီး နွေနှမ်းနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ လျာထားချက်ပြည့်မီရေး စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေနှမ်း ၄၄၂၀၆ ဧက၊ မိုးကြိုပဲတီစိမ်း ၃၂၉၆ ဧက စိုက်ပျိုးရန် လျာထားကြောင်းနှင့် စမာစိုက်ပျိုး ရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော ဒါန်းတိုင်ကျေးရွာအုပ်စု၌ နွေနှမ်း ဧက၅၁၀၊ မိုးကြိုပဲတီစိမ်း ဧက၅၀၊ ရန်ဘက်လို ကျေးရွာအုပ်စု၌ နွေနှမ်း ဧက ၉၈၀၊ မိုးကြိုပဲတီစိမ်း ဧက ၁၅၀၊ ပေတောကြီးကျေးရွာအုပ်စု၌ နွေနှမ်း ၉၄၂ ဧက၊ မိုးကြိုပဲတီစိမ်း ၁၇၅ ဧက၊ ဘုံကွင်းကျေးရွာ အုပ်စု၌ နွေနှမ်း ၆၂၂ ဧက၊ မိုးကြိုပဲတီစိမ်း ဧက ၄၀၊ စင်းကွန်းကျေးရွာအုပ်စု၌ နွေနှမ်း ၉၂၅ ဧက၊ မိုးကြိုပဲ တီစိမ်း ၇၅ ဧက၊ ပန်းခွာကျေးရွာအုပ်စု၌ နွေနှမ်း ၆၀၄ ဧက၊ မိုးကြိုပဲတီစိမ်း ၂၀၇ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိပြီး နွေနှမ်းနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေနှမ်းစိုက်ပျိုးရာ၌ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးကြရေးကွင်းဆင်း၍ တောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


