ဒဂုံမြောက် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို အမှတ် (၃၇)ရပ်ကွက် စုပေါင်းရုံး ပတ်လမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့ညနေပိုင်းက လေ့ကျင့်ဆောင်ရွက်သည်။
ပေါ့ဆမီးများကြောင့် မကြာခဏ မီးလောင်မှုများဖြစ်ပွားနေသည့်အတွက် မြို့နယ်အတွင်းရှိ ရုံးဌာနများတွင် အရေးကြီးစာရွက်စာတမ်းများ မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းညီညီထွန်းနှင့်ဝန်ထမ်း ၂၃ ဦးတို့အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်းအား ရှင်းလင်းပြောကြားပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ


