ဒလ မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဒလမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။
ဦးစွာ ဒလမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးခင်မောင်စိုးက ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်ဆိုင်ရာနှင့် ပတ်သက်သော အသိပညာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)


