ရန်ကုန် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် တတိယနေ့ အစိုးရဓမ္မာစရိယတန်းစာမေးပွဲ သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ ပထမနေ့စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက မှော်ဘီမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အဆိုပါ အစိုးရဓမ္မာစရိယတန်းစာမေးပွဲ ဖြေဆိုရာသို့ စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ မှော်ဘီမြို့ သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ ကြွရောက်တော်မူကြပြီး မှော်ဘီမြို့နယ်သာသနာရေးမှူး၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ကြည်ညို ကြသည်။
တတိယနေ့အဖြစ်ဖြေဆိုသော အစိုးရဓမ္မာစရိယတန်းစာမေးပွဲ သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာပထမနေ့ စာမေးပွဲတွင် သံဃာတော်နှင့် သီလရှင် ၁၁၈ ပါး စာရင်းပေးသွင်းထားရာ ယနေ့တွင် သံဃာတော်နှင့် သီလရှင် ၈၉ ပါး ဝင်ရောက်ဖြေဆိုတော်မူလျက်ရှိရာ သံဃာတော် ၂၇ ပါး၊ သီလရှင် နှစ်ပါး စုစုပေါင်း ၂၉ ပါး ပျက်ကွက်ကြောင်းနှင့် ဘာသာအလိုက် ဖြေဆိုလျက်ရှိသောစာမေးပွဲအား မတ် ၂၃ ရက်မှ ဧပြီ ၄ ရက်အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်


