နေပြည်တော် မတ် ၂၈

ကရင်ပြည်နယ် ၂၃၀ ကေဗွီ သင်္ဃန်းညီနောင် (မြဝတီ)ဓာတ်အားခွဲရုံမှ ကော့ကရိတ်မြို့နှင့် ကျုံဒိုး မြို့တို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၆၆ ကေဗွီ မြဝတီ-ကော့ကရိတ်ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ် (၄၅၊ ၄၆၊ ၄၇) တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့အပါအဝင် ကျေးရွာများ ဓာတ်အားပြတ်တောက်ခဲ့သည်။

ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့တို့သို့ သွယ်တန်းထားသည့် ၁၁ ကေဗွီဓာတ်အားလိုင်း ၁၆ မိုင်အား ကော့ကရိတ်ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ကျုံဒိုးမြို့လျှပ်စစ်မှူးရုံးတို့မှ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းအင်အား ၁၄ ဦးတို့ဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ မတ် ၂၄ ရက်တွင် ဓာတ်အားလိုင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သည်။

အဆိုပါ ဓာတ်အားလိုင်းပြတ်တောက်ခဲ့သည့် ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့တို့ကို ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘားအံမြို့နယ်ရှိ ၆၆/၁၁ ကေဗွီ(၁၀)အမ်ဗွီအေ မိသရောင်ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်းမိုင် ၄၀ ခန့်ကို ပြန်လည် ပြုပြင်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျုံဒိုးမြို့ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက် ပထမအဆင့်အနေဖြင့် ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၁၁ ကေဗွီ ကျုံဒိုး-ကော့ကရိတ်ဓာတ်အား လိုင်း ၁၆ မိုင်ကို လိုအပ်သော စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်တွင် ကျုံဒိုးမြို့မှ တံတားကျိုးစစ်ဆေးရေးဂိတ်အထိနှင့် ကော့ကရိတ်ဓာတ်အားခွဲရုံသို့ အဆင့်ဆင့်ဓာတ်အား စတင်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကော့ကရိတ် ဓာတ်အားခွဲရုံမှတစ်ဆင့် ကော့ကရိတ်မြို့ပေါ်ရှိ အရေးကြီးနေရာများ၊ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံ များနှင့် အများပြည်သူနေအိမ်များကို လိုအပ်သော ဓာတ်အားလိုင်းစစ်ဆေးပြုပြင်မှုများ ဆောင်ရွက်ပြီး တစ်ဆင့်ချင်း ဓာတ်အားဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်