ကလေး မတ် ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက် ဦးဆောင်၍ ကလေးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား လူမှုရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စရပ်များ အ‌ဆင်ပြေစေရေးအတွက် ၂၀၂၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် နိုင်ငံတော်မှပေးအပ်သော ငွေများအား ပေးအပ်ခြင်းကို မတ် ၂၆ ရက်က ကျင်းပသည်။

 

အခမ်းအနားသို့ ကလေးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်းအင်အား ၂၅၀ တက်ရောက်ခဲ့ပြီး ကလေးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ ၃၁၀၃ ဦးအတွက် တစ်ဦးလျှင် တစ်လ ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် ‌ပေးအပ်ငွေကျပ် ၁၈၆၁၈၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)