နေပြည်တော် မတ် ၂၉

 

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး (၁)နှစ်ပြည့် ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၌ ပြုလုပ်ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

အမျှပေးဝေ

ဆွမ်းဆက်ကပ် လှူဒါန်းပွဲတွင် နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျောင်းတိုက် တိုက်အုပ်ဆရာတော် ဦးဇာနေယျနှင့် သံဃာတော်များထံမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ငါးပါးသီလခံယူကြပြီး လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်ကာ မန္တလေးငလျင်ကြီးကြောင့် ကွယ်လွန်ခဲ့သူများအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

သတင်းစဉ်