အုတ်တွင်း မတ် ၂၉

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် သံဃနာယကအဖွဲ့မှ ဦးစီးကျင်းပသော၂၀၂၆ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့မွန်းလွဲပိုင်းက ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ စတင်ဖြေဆိုလျက်ရှိသည်။

 

အဆိုပါစာမေးပွဲ ပထမနေ့တွင် စာဖြေသံဃာတော်များ အခက်အခဲမရှိ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီကကြီးကြပ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်း အဖွဲ့များက ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။

 

ဆက်ကပ်လှူဒါန်း

အုတ်တွင်းမြို့နယ်တွင်၂၀၂၆ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ခုနစ်ရက်ကြာ ဘာသာရပ်အလိုက် ဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် စာဖြေသံဃာများ၊ စာမေးပွဲ​ ကြီး​ကြပ်ဆရာ​တော်​ကြီးများ၊ မြို့နယ်သံဃနာယကဆရာတော်ကြီးများ အပါး ၁၀၀ ကျော်နှင့် တက်ရောက်ကြည်ညိုကြသော ဧည့်ပရိသတ်တို့အား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးနေလင်းအောင်နှင့် ဒေါ်ယဉ်ယဉ်သန့်တို့အား အမှူးထား၍ တပ်ရင်း/ တပ်ဖွဲ့ မိသားစုများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)