မင်းလှ မတ် ၂၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို အမှတ်(၆)ရပ်ကွက် မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့မွန်းတည့် ၁၂ နာရီတွင် ဖြေဆိုကျင်းပသည်။
ဝင်ရောက်ဖြေဆို
စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်ကျောင်းများမှ ပထမကြီးတန်းစာဖြေ သံဃာတစ်ပါး၊ ပထမလတ်တန်း စာဖြေသံဃာ နှစ်ပါး၊ ပထမငယ် တန်းသာမဏေ ၁၄ ပါး၊ အခြေပြု မူလတန်း သာမဏေအပါး ၂၀ စုစုပေါင်း ၃၇ ပါး ဝင်ရောက်ဖြေဆိုကြသည်။
အဆိုပါစာမေးပွဲကို မြို့နယ်သံဃနာယကဥက္ကဋ္ဌ အောင်ဇေယျုံကျောင်းတိုက် ဆရာတော်အရှင် ဉူးပဏ္ဍိတနှင့် အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)


