မန္တလေး မတ် ၂၉

 

မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ မန္တလေးတိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် MEC ၊ Denko နှင့် BOC  အရောင်းဆိုင်များတွင် ပြည်သူများ ဆီအလုံအလောက် ရရှိစေ​ရေး၊ စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ရေး၊ PO(Purchase Order)များ အလုံအလောက်ရရှိစေ​ရေး၊ မော်တော်ယာဉ်များအား စက်သုံးဆီ ချွေတာသုံးစွဲရေး၊ မလိုအပ်ဘဲ ဆီများသိုလှောင်းခြင်း မပြုလုပ်ရန်၊ ပြည်သူများကလည်း စနစ်တကျ တန်းစီရန်နှင့် စက်သုံးဆီတန်းစီမှု လျော့ကျစေရန်အတွက် Dispenser များ၊ QR Code ဖတ်သည့် ဝန်ထမ်းများထားရှိရန် စသည်တို့ကို မှာကြားကာ အလှူရှင်များ လှူဒါန်းသည့် သောက်ရေသန့်ဘူးများ ထားရှိပေးခဲ့​ပြီး စက်သုံးဆီအရောင်းဆိုင်များ စနစ်တကျ ရောင်းချပေးနိုင်ရေးနှင့် စက်သုံးဆီတန်းစီမှု လျော့ကျစေရေး ကြပ်မတ်ကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလင်းသစ်(ပြန်/ဆက်)