ကျုံပျော် မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား သက်ဆိုင်ရာ ကျေးရွာကော်တီများထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ကျုံပျော်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိန်းကွီးက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ရေပေးဝေရေးလုပ်ငန်းလေးခု၊ ကုန်ထုတ်လမ်းသုံးခု၊ VDP စီမံကိန်း ခြောက်ရွာနှင့် Smart Village ကျေးရွာ တစ်ရွာတို့အား သက်ဆိုင်ရွာ ကျေးရွာကော်မတီများထံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


