မုံရွာ မတ် ၃၀

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မုံရွာမြို့ ကန်သာယာအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ တေးဂီတ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

 

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်ကြီးတစ်ခုအပါအဝင် ဝန်ကြီးဌာနအလိုက် ရေကစားမဏ္ဍပ်လေးခုပါရှိကာ နိုင်ငံကျော်အဆိုတော်များဖြင့် နေ့စဉ် သီဆိုဖျော်ဖြေပေးမည် ဖြစ်ကြောင်းနှင့် စတုဒိသာမဏ္ဍပ်များတွင်လည်း ထမင်းဟင်းလျာများ၊ အချိုရည်များ၊ မုန့်များဖြင့် သင်္ကြန်ပွဲတော်သို့လာရောက်ကြသူများအား ကျွေးမွေးဧည့်ခံခြင်းတို့ကို တာဝန်ရှိသူများက ပြည်သူများ စိတ်လွတ်လပ်ပေါ့ပါးစွာ ပါဝင်ဆင်နွှဲနိုင်ရေး အထူးစီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 

မုံရွာမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိပြီးဖြစ်ကာ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)