ရန်ကုန် မတ် ၃၀

 

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီက လမ်းလျှောက်သင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များ ဆောက်လုပ်ရန်နေရာများ လျာထားခြင်းနှင့် ရေရရှိမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပုဇွန်တောင်ပန်းခြံနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးဝန်းကျင်တွင် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးမဏ္ဍပ်များ၊ လက်ဖက်မဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ ဆောက်လုပ်ရန် မြေနေရာအနေအထားများ လျာထားသတ်မှတ်ပြီး ရေလုံလောက်စွာရရှိရေး ရေကန်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်