ရမည်းသင်း မတ် ၃၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၌ ခရိုင်/မြို့နယ် မီးသတ် ဦးစီးဌာနမှ ရွှေဒါးသာစည်ကျေးရွာ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း ဆပ်ပြာစက်ရုံခွဲ၌ မီးဘေး ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
သရုပ်ပြဆောင်ရွက်
ထိုသို့ဆောင်ရွက်ရာတွင် ရမည်းသင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးသူရလင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆပ်ပြာစက်ရုံခွဲအတွင်း လှည့်လည်စစ်ဆေးကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ 191 Report Application အကြောင်းနှင့် မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုကြစေရေး စည်းရုံးပြောကြားခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားရှိရေး ညွှန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့ မီးငြှိမ်းသတ်တတ်စေရေးအတွက် ဆီမီးလောင်မှု မီးငြှိမ်းသတ်ရေး ရေစိုအဝတ်များ၊ မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


