ကဘူးလ်  မတ်  ၃၀

အာဖဂန်လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံမြောက်ပိုင်း ပါဝမ်ပြည်နယ်တွင် ပြန်ပေးဆွဲသူများထံမှ ကလေးလေးဦးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာ တိုလိုသတင်းက  မတ် ၃၀ တွင် ဖော်ပြခဲ့သည်။

အစီရင်ခံစာအရ လွန်ခဲ့သောရက်အနည်းငယ်က ကလေးများသည် ဘော့ခ်ဒေသတွင်  ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဆာလန်ခရိုင်အစွန်အဖျားတွင် ကယ်ဆယ်နိုင်ခဲ့သည့် ၎င်းတို့၏ ကယ်ဆယ်ရေးလုပ်ငန်းများသည်  ကဘူးလ်မြို့မြောက်ဘက်  တောင်ထူထပ်သော စင်္ကြံလမ်းကြောင်းတစ်လျှောက် တွင် တည်ရှိသည့်  အဓိကသယ်ယူပို့ဆောင်ရေးနေရာ၌ ပြုလုပ်ခဲ့သည့် အောင်မြင်သောစစ်ဆင်ရေး တစ်ခုလည်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါစစ်ဆင်ရေးသည် လုံခြုံရေးတပ်ဖွဲ့ဝင်မျာအား ပြန်ပေးဆွဲသူများ၏ တည်နေရာသို့ အတိအကျဖော်ထုတ်ပေးသည့် တိကျသောထောက်လှမ်းရေးအချက်အလက်များကို လိုက်နာခြင်းဖြင့်   အောင်မြင်မှုရရှိစေခဲ့သည်။

ပြန်ပေးသမားများနှင့်ညှိနှိုင်းဆွေးနွေးပြီးနောက် ဝင်ရောက်စီးနင်းခဲ့ကြပြီး ကလေးငယ်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကယ်ဆယ်နိုင်ခဲ့သည်။ ထို့နောက် မကြာမီ ၎င်းတို့၏မိဘများနှင့် ပြန်လည်ဆုံတွေ့ပေးခဲ့သည်ဟု  အစီရင်ခံစာတွင် ဖော်ပြထားသည်။  သံသယရှိသည့် ပြန်ပေးဆွဲသူများကိုမူ   အစီရင်ခံစာ၌  ဖော်ပြထားခြင်းမရှိကြောင်း သိရသည်‌။

ဆင်ဟွာ