ကျုံပျော် ဧပြီ ၁

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပသည့် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မြတ်ချမ်းသာဘုရား တန်ဆောင်းအတွင်း၌ ယနေ့ညနေပိုင်းက ပြုလုပ်သည်။

 

ဦးစွာ အသောကရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကေသရာ စာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဩဝါဒကထာ နာကြားကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပြီး ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သံဃာတော်နှင့် သီလရှင်များထံသို့ စာအောင်ဆုများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ကျုံပျော်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်နှင့် သီလရှင် ၂၁ ပါး ဖြေဆို အောင်မြင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)