ရန်ကုန် ဧပြီ ၁

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သမိုင်းဝင်ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျိုက်ဓနုတ်စေတီတော်ရင်ပြင်တော်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကျိုက်ဓနုတ်စေတီတော်ရင်ပြင်တော်စုရပ်မှစတင်၍ မြတ်စွာဘုရားအမှူးပြုသော ဆရာတော်၊ သံဃာတော် ၁၁၈ ပါးတို့က စေတီတော်ရင်ပြင်တော်တစ်လျှောက် ဆွမ်းဆန်စိမ်းများကို ခံယူတော်မူကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအကျိုးတော်ဆောင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)