ကံမ ဧပြီ ၁
မကွေးတိုင်းဒေသကြီး ကံမမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
ကံမမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို မြို့လယ်လူစည်ကားရာ လမ်းစုံနေရာ၌ ဆောက်လုပ်လျက်ရှိပြီး တေးဂီတ အဆိုအကများ၊ ယိမ်းအကအဖွဲ့များဖြင့် လမ်းလျှောက် သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ရေကစားမဏ္ဍပ်များ အပါအဝင် ရေမပြတ်အောင် စီစဉ်ဆောင်ရွက် ထားရှိကြောင်း၊ ယိမ်းအဖွဲ့များက ယိမ်းအက တိုက်ခြင်းများ ဆောင်ရွက်ထားရှိသည့်အပြင် မြန်မာ နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ အန္တရာယ်ကင်းပရိတ် တရားတော် ရွတ်ဖတ်ပူဇော်ပွဲများနှင့် စတုဒိသာ ကျွေးမွေးဧည့်ခံခြင်းများကို စီစဉ်ဆောင်ရွက်ထားရှိကြောင်း မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


