ဟားခါး ဧပြီ ၁

 

ဟားခါးမြို့တွင် ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတွက် ယိမ်းအကအဖွဲ့များက အကလေ့ကျင့်နေမှုကို ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ဧပြီ ၁ ရက်တွင် သွားရောက်ကြည့်ရှုအားပေးသည်။

 

ဟားခါးမြို့တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုနှင့်အညီ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများ ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ယိမ်းအကအဖွဲ့ ရှစ်ဖွဲ့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။     

ခရိုင်(ပြန်/ဆက်)