မော်လမြိုင် ဧပြီ ၁
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ မော်လမြိုင်မြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်များ ပြုလုပ်ဆောင်ရွက်ခြင်း၊ ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒိသာကျွေးမွေးဆောင်ရွက်ခြင်းနှင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများ ကျင်းပမည်ဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (ဗဟို)မဏ္ဍပ်တွင် ဖျော်ဖြေရေးယိမ်းများ၊ ပြိုင်ပွဲဝင်ယိမ်းများဖြင့် အလှည့်ကျဖျော်ဖြေ တင်ဆက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဖျော်ဖြေရေးယိမ်းနှင့် ပြိုင်ပွဲဝင် ယိမ်းများမှ လှပျိုဖြူများက မြန်မာ့ရိုးရာသင်္ကြန်တွင် ညီညာစွာ ဖျော်ဖြေနိုင်ရေးအတွက် ယိမ်းအကများကို လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


