ရေတာရှည် ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေများဖြင့် ကျေးလက် လမ်း၊ တံတားလုပ်ငန်းနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ညောင်လေးပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆက်နိုင်ထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာများက ပေါက်ချောင်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ကျူဇောင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်း ဖောက်လုပ်ခြင်း၊ ကျေးလက်ရေရရှိရေးအတွက် ကြို့ပင်သာကျေးရွာနှင့် ချောင်းခွကျေးရွာတို့၌ တွင်းနက် တူးဖော်ခြင်းလုပ်ငန်း၊ Steel Structure စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် စင်မြင့်ရေစင် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ခရိုင်ဦးစီးမှူးက ဆောင်ရွက်ပြီးစီးသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် အကျိုးရှိရှိအသုံးပြုနိုင်ရေးနှင့် ပျက်စီးမှုမဖြစ်စေရေးတို့အတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်း ထိမ်းသိမ်းကြရန် မှာကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ချိုသန်းညွန့် (ကျေး/လက်)


