ကိုလံဘို ဧပြီ ၁
သီရိလင်္ကာနိုင်ငံသည် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအား ခြောက်လကြာ အခမဲ့ခရီးသွားဗီဇာခွင့်ပြုပေးမည့်အစီအစဉ်ကို မကြာမီစတင်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအစီအစဉ်အတွက် လိုအပ်သည့် ဥပဒေမူကြမ်းကို အစိုးရအဖွဲ့က အတည်ပြုပြီးနောက် လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ကောင်းမွန်လာစေရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည့် အဆိုပါအစီအစဉ်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၁ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ကနဦး အတည်ပြုခဲ့သည်။
အဆိုပါအစီအစဉ်အရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် လာရောက်လည်ပတ်သူများအား ခရီးသွားဗီဇာများ အခမဲ့ထုတ်ပေးသွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ နာလင်ဒါဂျာယာ တစ်ဆာက မတ် ၃၁ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဆင်ဟွာ


