ပျဉ်းမနား  ဧပြီ  ၁

ပြည်ထောင်စုနယ်မြေ  နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူ၊ လူငယ်များအတွက် နွေရာသီကျောင်းပိတ် ရက်ကာလအတွင်း မိမိဝါသနာပါသည့်  အားကစားနည်းများကို စနစ်တကျ လေ့လာသင်ယူနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက   ၂၀၂၆ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများကို ပေါင်းလောင်း အားကစားကွင်းနှင့်  သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများ၌  အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ကျောင်းသား  ကျောင်းသူ၊ လူငယ်များအတွက် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊  တိုက်ကွမ်ဒို၊   မြန်မာ့သိုင်း၊  အေရိုးဗစ် စသည့်  အားကစားနည်းများကို အခြေခံသင်ကြားပေးခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းများကို မတ် ၂၅ ရက်မှ ဧပြီ ၇ ရက်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။   

မြို့နယ်(ပြန်/ဆက်)