ကျိုက်ထို ဧပြီ ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့အား ဧပြီ ၂ ရက်တွင် ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ ဖြေဆိုသည်။
စာမေးပွဲတွင် ဘာသာပြန်ဘာသာ၊ ယမိုက်အောက်ငါးကျမ်း ဘာသာနှင့် ယမိုက်အထက်ငါးကျမ်းဘာသာဖြေဆိုရန် ပထမကြီးတန်းစာရင်းသွင်းသံဃာ ၂၆ ပါး၊ ဖြေဆိုသံဃာ ၂၄ ပါး၊ ပထမလတ်တန်း စာရင်းသွင်းသံဃာ ၂၈ ပါး၊ ဖြေဆိုသံဃာ၂၈ ပါး၊ ပထမငယ်တန်း စာရင်းသွင်းသံဃာ ၈၅ ပါး၊ ဖြေဆိုသံဃာ ၇၆ ပါး ရှိပြီး မတ် ၂၉ ရက်မှစတင်ကာ ဧပြီ ၄ ရက်အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)


