မော်လမြိုင် ဧပြီ ၂

 

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရာမညမြေအထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမ အသင်းလီမိတက်က အသင်းဝင် အသင်းသားများသို့ နှစ်သစ်ကူးကာလအတွက် အခြေခံစားကုန်နှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် မွန်ပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ပေးအပ်

အဆိုပါပေးအပ်ပွဲသို့ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရာမညမြေအထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ အသင်းသား ဝန်ထမ်းများ တက်ရောက်ကြပြီး အသင်းသား ၃၂ ဦးသို့ စုစုပေါင်း ငွေကျပ် ၂၅ သိန်းခန့်တန်ဖိုးရှိ ဆန်၊ ဆီနှင့် အခြေခံစာသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)